Popular Posts

Friday, November 22, 2013

EarSmart for Android

earphone(နားကြပ်)ကြိုးထိုးပြီး သီချင်းနားထောင်တဲ့အခါ ..
သီချင်းဖွင့်ဖို့ music player ကို ရှာရပါသေးတယ်။
မော်ဒယ်မြင့်ဖုန်းတစ်ချို့မှာတော့ နားကြပ်ကြိုးထိုးလိုက်တာနဲ့ ..
music player အလိုလို ပွင့်ပါတယ်။ EarSmart က သင့်ဖုန်းကို
မော်ဒယ်မြင့်ဖုန်းတွေလို နားကြပ်ကြိုးထိုးလိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ ..
app ကို ပွင့်သွားအောင် လုပ်နိုင်ပါတယ်။ ကြိုက်တဲ့ app ကို ဖွင့်ရန် ..
သတ်မှတ်ပေးလို့ရပါတယ်။ နောက်ပြီး Media Volume အတိုးအချဲ့ ကို ကြိုတင်သတ်မှတ်ပေးထားလို့ရပါတယ်။ ကြိုးထိုးလိုက်တာနဲ့ Volume က ဘော်ဒါ သတ်မှတ်ပေးထားတဲ့အတိုင်း auto ချိန်ပေးသွားပါမယ်။
နောက်ထပ် လန်းတာက နားကြပ်ကြိုး ထိုးလိုက်တာနဲ့ သီချင်းကို auto ဖွင့်ပေးပါတယ်။ auto play function ကိုတော့ Android 4.1 အထက် တစ်ချို့ဖုန်းများတွင် အဆင်ပြေချင်မှ ပြေပါမယ်။ ကျွန်တော် S3 (4.2.2) မှာ စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ။ earphone အပြင် bluetooth headset အတွက်လဲ အသုံးပြုနိုင်ပါတယ်။ အတော်လေး အဆင်ပြေတဲ့ app လေးပါ။ သီချင်းနားထောင်ဖို့ earphone တပ်လိုက်တာနဲ့ player လဲပွင့်၊ သီချင်းလဲ ဖွင့်ပြီးသားဖြစ်သွားတယ်။ အလန်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်ပါတယ်
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

 

No comments:

Post a Comment